bur - pandaawsassets.panda.org/downloads/tha_bar_wa_brochure... ·...

Post on 02-Feb-2020

8 Views

Category:

Documents

0 Downloads

Preview:

Click to see full reader

TRANSCRIPT

နောက်ခံအကြောင်းအရာ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံတစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် စက်မှုလုပ်ငန်းဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်မှု ဖြစ်ပေါ်ခြင်းနှင့် စီးပွားရေး တိုးတက်မှု ဖြစ်စေခြင်းတို့သည် ဆက်စပ်လျက်ရှိရာ တာဝန်သိစီမံလိုက်နာခြင်းမရှိပါက နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားသော ထိခိုက်မှုများ ရှိလာနိုင်စေခြင်းနှင့် နိုင်ငံ၏ ရေရှည်တိုးတက်မှုကို အခြေမခိုင် ယိုင်လဲစေနိုင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။

ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှုသည် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ပြီး လူသားတို့၏ သာယာဝပြောရေး၊ ဆန်းသစ်တီထွင်မှုကို တိုးမြှင့်ပေးပြီး စက်မှုလုပ်ငန်းများကို အန္တရာယ်နည်းစေသော ကုန်ကျစရိတ် လျော့ကျစေခြင်းနှင့် ရေနှင့် စွမ်းအင်သုံးစွဲမှုလျော့နည်းစေခြင်း အစရှိသည်တို့ကို တိုးတက်မှု သေချာစေသော အခွင့်အလမ်း တစ်ခုကို ကိုယ်စားပြုသည်။

စားသောက်ကုန် နှင့် အဖျော်ယမကာ ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော

စက်မှုလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုသည်။

(၆၀) ရာခိုင်နှုန်းသောကုမ္ပဏီများသည် စားသောက်ကုန်နှင့်အဖျော်ယမကာ

ထုတ်လုပ်သူများဖြစ်သည်။ (တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသော စက်ရုံအရေအတွက်

၂၇,၁၁၃ ရှိသည်။)

မြန်မာနိုင်ငံ၏ စားသောက်ကုန်နှင့် အဖျော်ယမကာကုမ္ပဏီများသည်

ရေနှင့်စွမ်းအင်သုံးစွဲမှု နှင့် ညစ်ညမ်းစေမှု အများဆုံးဖြစ်ပေါ်စေသော

စက်မှုလုပ်ငန်းကဏ္ဍတစ်ခုဖြစ်သည်။

စက်မှုလုပ်ငန်းများမှ ရေဆိုးညစ်ညမ်းစေမှုသည် မြန်မာနိုင်ငံ၏ ရေချိုဂေဟစနစ်အတွက် အကြီးဆုံးအန္တရာယ်တစ်ခုဖြစ်သည်။

နိုင်ငံ၏ စွမ်းအင်မလုံလောက်မှုကြောင့် စက်ရုံများသည် တစ်ပတ်လျှင်ပျမ်းမျှ (၃) ကြိမ်ခန့်

ဓာတ်အားပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်။

(၈၉) ရာခိုင်နှုန်းသော စားသောက်ကုန်နှင့် အဖျော်ယမကာကုမ္ပဏီများသည်

အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs)

ဖြစ်သည်။

ထိုလုပ်ငန်းအရေအတွက်၏ ၅ ရာခိုင်နှုန်းအောက်သာ

စွန့်ပစ်ရေဆိုးများအားသန့်စင်၍ စွန့်ပစ်မှုပြုလုပ်နိုင်သည့်

အနေအထားတွင်ရှိသည်။

လျှပ်စစ်ဓာတ်အားမလုံလောက်မှုနှင့် ရေဆိုးစွန့်ထုတ်မှုတို့သည် မြန်မာ့စားသောက်ကုန်နှင့်

အဖျော်ယမကာကုမ္ပဏီများတွင် အများဆုံး ကြုံတွေ့နေရသော ပြဿနာများဖြစ်သည်။

အကျဉ်းချုပ် အချက်အလက်များ • စီမံကိန်းအမည် - “သဘာဝ”

• ရန်ပုံငွေပေးအပ်သူ - ဥရောပသမဂ္ဂ၏ SWITCH – Asia အစီအစဉ်အောက်မှ

• အချိန်ကာလ - ၄၈ လ (ဖေဖော်ဝါရီ ၂၀၁၈ မှ ဇန်န၀ါရီလ ၂၀၂၀ အထိ)

• ဦးဆောင်မည့်အေဂျင်စီ - ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)

• စီမံကိန်းမိတ်ဖွဲ့အဖွဲ့အစည်းများ - မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) ၊ Saving Banks Foundation for International Cooperation (SBFIC)

• အကျိုးရလဒ်ခံစားရသူများ - စားသောက်ကုန်နှင့်အဖျော်ယမကာကဏ္ဍမှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များနှင့်၊ စက်မှုဇုန်များ၊ ပြည်တွင်းဘဏ်များ၊ စက်မှုဇုန်များအနီး နေထိုင်ကြသော ရပ်ရွာလူထုများ၊ ပြည်တွင်းစက်မှုလုပ်ငန်း အသင်းအဖွဲ့များနှင့် စီးပွားရေးကြားခံအဖွဲ့များ။

• အဓိကအကောင်အထည်ဖော် - သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပါဝင်ဆောင်ရွက်ကြသူများ သုတေသနနှင့် တီထွင်စမ်းသပ်မှုဦးစီးဌာန၊ နည်းပညာတက္ကသိုလ်များ၊ စက်မှုဇုန် ကော်မတီများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်လုပ်ငန်းရှင်များအသင်း။

ညစ်ညမ်းမှုပိုနည်းသည့် ထုတ်လုပ်မှုဆိုသည်မှာ

“ဘက်စုံထိရောက်၍ အကျိုးရှိတိုးတက်စေသော လူသားနှင့်သဘာဝအပေါ် ထိခိုက်စေမှုနှင့်၊

လုပ်ငန်းစဉ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် သဘာဝဘေးအန္တရာယ်

တားဆီးရေးကိစ္စရပ်များ လျှော့ချနိုင်ရန် အားလုံးပေါင်းစပ်ပါဝင်သော မဟာဗျူဟာတစ်ရပ်ကို

စဉ်ဆက်မပြတ်ကျင့်သုံးခြင်းဖြစ်သည်”

(UNEP ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်)

သဘာဝစီမံကိန်းအကြောင်း“သဘာဝ” စီမံကိန်း၏ အမည်သည် စက်မှုလုပ်ငန်းများမှ အသုံးပြုနေသည့် သဘာဝနှင့် အရင်းအမြစ်များ အပေါ်တွင် ခိုင်မာသည့် ကတိကဝတ်ပြု၍ လုပ်ဆောင် သွားမည်ကို ထုတ်ဖော်ပြသနေခြင်းဖြစ်သည်။

“သဘာဝ” စီမံကိန်းသည် အဓိကမဏ္ဍိုင်ကြီး (၄)ခုဖြင့် ဖွဲ့စည်းထားပါသည်။

(၁) မူဝါဒ (၂) နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ဈေးကွက်တိုးတက်မှု(၃) အစိမ်းရောင်ငွေကြေး(၄) ပုံစံတူ ဆင့်ပွားအကောင်အထည်ဖော်ခြင်း

စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဘက်စုံ ပါဝင်ဆောင်ရွက်သူများ အကြံပေးမှုနှင့် ထိတွေ့ဆက်ဆံမှု နည်းပညာနှင့် ငွေကြေးဆိုင်ရာ သင်တန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်သင်တန်းများ၊ မူဝါဒပိုင်းဆိုင်ရာ စည်းရုံးမြှင့်တင်ပေးခြင်း၊ စမ်းသပ်စီမံကိန်းများ၊ အကောင်းမွန်ဆုံးသော အလေ့အကျင့်များ အသိအမှတ်ပြုခြင်း နှင့် ဖြန့်ဝေပေးခြင်း၊ ညစ်ညမ်းမှု ပိုနည်းသည့် ထုတ်လုပ်မှုကို အကူအညီပေးနိုင်သော သတင်းအချက်အလက်ဌာနတစ်ခု တည်ထောင်နိုင်ရေးတို့ ပါဝင်သည်။

ဒေသခံများနှင့် နိုင်ငံအဆင့် မူဝါဒချမှတ်သူများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်း၊ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းရှင်များ၊ ဒေသခံငွေကြေး

အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ပညာရေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ လုပ်ဆောင်ရန် စီမံကိန်း ရည်ရွယ်မှုများမှာ

• ရေရှည်တည်တံ့သော စွမ်းအင်နှင့်ရေ မူဝါဒစီမံခန့်ခွဲမှု လုပ်ဆောင်နိုင်သော ပတ်ဝန်းကျင် ဖန်တီးရန်

• အသေးစားနှင့်အလတ်စား စားသောက်ကုန်နှင့် အဖျော်မကာလုပ်ငန်းများတွင် ရေရှည်တည်တံ့သော စွမ်းအင်နှင့်ရေစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်များ တိုးမြှင့်နိုင်ရန် စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဆောင်ရွက်ရန်

• ရေရှည်တည်တံ့သော အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုအတွက် အသေးစားနှင့်အလတ်စား လုပ်ငန်းများအား အစိမ်းရောင်နည်းပညာဆိုင်ရာ ဘဏ္ဍာရေးရရှိစေရန် ချိတ်ဆက်ပေးရန်

• ညစ်ညမ်းစေမှုပိုနည်းသည့် ထုတ်လုပ်မှုပုံစံများကို ဒေသတွင်း ပုံစံတူဆင့်ပွား အကောင်အထည်ဖော် ဆောင်ရွက်ရန်

60%

<5%

89%

စီမံကိန်း (သို့) ညစ်ညမ်းစေမှုပိုနည်းသည့် ထုတ်လုပ်မှုအကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုပါကမမေဇော်ထက် | mayzaw.htet@wwf.org.mm | +95 122 9331 wwf.org.mm/thabarwa

Funded bythe European Union

top related